Saturday, January 7, 2012

@@@ ပန်းတစ်ပွင့်ရဲ့တမ်းခြင်း @@@


ကြင်နာခြင်းပန်းခင်းအလယ်မှာ

အစဉ်ထာဝရရှင်သန်ခြင်းနဲ့

သခါင်္ရဆိုတာတွေကို

ခဏတာလှပစေဖို့

မေတ္တာရေစဉ်ပက်ဖြန်းရင်း

ဥယျာဉ်မှုးပီပီ

ဘက်မလိုက်တဲ့စေတနာနဲ့

အားစိုက်လို့ပြုစုခဲ့ပေါ့

ဒီအချိန်မှာတော့

ဥယျာဉ်ကြီးတစ်ခုလုံး

အဖူးအပွင့်တို့စုံလင်စွာ

လှပလို့ဝေဆာနေခဲ့

ဒါပေမဲ့......

ဥယျာဉ်မှုးကတော့

ရုတ်တရက်ဆိုသလိုထွက်ခွါသွားခဲ့ပါင်္ပြီ

ပန်းကလေးတွေရဲ့အနာဂါတ်

ကိုယ်ဘ၀ကိုယ်လှပဖို့ရုန်းကန်နေဆဲပေါ့

ဥယျာဉ်မှုးရှိတုန်းကလို ရေလောင်းပေါင်းသင်း

ရောဂါဘယဆိုတာတွေကိုဖယ်ရှားသူမရှိ

သူတို့အသက်ရှင်နိုင်ဖို့ မြူခိုးနဲ့မိုးကို

တစ်ဖက်တစ်လမ်းကနေအားကိုးနေကြ

အခုတော့ဥယျာဉ်မှုးရယ်

မျှော်လင့်ခြင်းလမ်းခုလတ်မှာ

အလွမ်းဆုလာဘ်တွေပေးခဲ့တာလား

မျှော်လင့်ခြင်းများစွာနဲ့

တတ်သစ်စပန်းတစ်ပွင့်ရဲ့

လွမ်းဆွတ်ခြင်းဝေဒနာကဗျာတစ်ပုဒ်

              ဥယျဉ်မှုးသို့  ..............



လင်းနွေး(စွယ်တော်မြေ)

0 comments:

Post a Comment

Featured Posts