Saturday, January 7, 2012

February ''14 '' တဲ့
ရောက်ခဲ့ပြန်ပါပြီ
တစ်နှစ်မှာတစ်ရက်တော့
အလွမ်းတွေဇယ်သက်သလို
ရိုက်ချက်ကပြင်းထန်လွန်းပါဘိ....

မထင်မှတ်ဘူး...
တိုက်ဆိုင်မှု့နိုးစက်သံကြောင့်
ဝေးလံတဲ့အတိတ်တွေက
ပစ္စုပ္ပန်ရဲ့ အရိပ်အောက်
တလပ်လိပ်ပြေးဆော့နေကြ
ကံကြမ္မာမုန်တိုင်းက
စိတ်ရီုင်းနတ်သ္မီးနဲ့အတူ
ညှင်းညှင်းလေးသွေးပေမဲ့
သူကိုယ်ငွေ့စရိုက်ပုံစံက
ခတ်ထန်ကြမ်းတမ်းခြင်းပါပဲ
အိုဘယ်..နတ်သ္မီး
အဖြူထည် ဒီရင်ဘတ်ထဲ
ရက်စက်ခြင်းတွေဖြန်ကျဲဖို့
အဘယ်နတ်ဘုရားထံမှာ
နင့်လက်တွေဆန့်ကာတောင်းခဲ့သလဲ
အလွမ်းဆိုတဲ့ကျောက်စာမှာ
ငါ့နာမည်မပါစေဖို့
ကြယ်ကြွေညတိုင်းမှာ
ထပ်ခါထပ်ခါဆုတောင်းခဲ့ဘူးတယ်
ငါတိုနှစ်ယောက် ''က''ခဲ့ဘူးတဲ့
ရင်ခုန်သံနှစ်ပါးသွားပြဇာတ်
နင်...မှတ်မိပါသေးရဲ့လား...?
အခုလေ....
လှိုင်းထန်တဲ့ ပင်လယ်ကမ်းစပ်မှာ
ရေငတ်နေလေရဲ့ကွယ်
ဟောကြားရဲ့လားချစ်သူ
အာကင်နာအလံတလူလူနဲ့
အချစ်လေဆန်ရထားတို့
ဥသြသံဆွဲလိုက်ကြပြီ
ဆွဲလိုက်ကြပြီ....
သူတို့ရည်မှန်ရာက
ငါနဲ့အဝေးဆုံးကမ္ဘာသို့
အိုဘယ်နတ်သ္မီး
ကျိုးပဲ ဘူတာအိုဟောင်းရဲ့
ကာရန်မဲ့(rap)သံဇဉ်ကို
နားဆင်သွားပါဦးလား
ငါစိုက်ပျိုးထားတဲ့
ရှားပါးဒီသစ်ပင်ပျိုးဟာ
နားခိုရာ အရိပ်သက်သက်မဟုတ်ခဲ့
ဥတုသုံးပါးနဲ့က
ညီမျှခြင်းရောင်စဉ်တွေဖြန့်ကျက်
မင်းအတွက် အတားအဆီး ကင်းမဲ့စွာ
ကြင်နာခြင်းအသီးအပွင့်များ
အခု...
.......နောင်
ကာလများစွာအထိပါချစ်သူ
ရင်ခုန်သံမရပ်သ၍ပေါ့.....။

0 comments:

Post a Comment

Featured Posts