အငွေ့အသက်တို့အစပြုလို့
တရွေ့ရွေ့နဲ့ ရွေ့လျားလာခဲ့တာ
ဒီဇင်ဘာတောင်လဆန်းတော့မယ်
နှင်းမှုန်းတွေလှိုင်လှိုင် မဝေသေးပေမဲ့
ဟေမာန်ကတော့ သူအလှတွေ
အစပြုလို့သက်သေထူနိုင်ခဲ့ပြီ
အပွင့်အခတ်တွေကြူကြူလှိုင်တဲ့ပန်းဒီဇင်ဘာရေ
လွမ်းဘွယ်ရာဆောင်းတစ်ညကိုတစ်ခေါက်
ရောက်လို့တောင်လာခဲ့ပြန်ပြီ...နော်
အရင်အချိန်က.......
အေးမြခြင်းနှင်းစက်တွေနဲ့အတူ
နွေးထွေးခြင်းရင်ခွင်ကြားမှာ
မှေးစက်ခါခိုးနားခဲ့ဘူးပါတယ်..
ငွေနှင်းမှုန်တွေနဲ့အတူ
ပျောက်ကွယ်သွားခဲ့တာ
နောက်တစ်ကျော့ဟေမာန်ရောက်လာတဲ့အထိ
သူပေါ်မလာသေးပါ....
အခုတော့...
"လင်းနေသွေး "ဆိုတဲဒီကောင်လေး
ထိုင်ခုံလေးပေါ်မှာ
တစ်ယောက်ထဲအဖော်ကွဲစွာနဲ့
ခုချိန်ထိစောင့်မျှော်နေဆဲပေါ့
ဟေမာန် နင်ကတော့
တာဝန်တွေကျေပြွန်ခဲ့ပေမဲ့
ငါ့မှာတော့နှလုံးသားမှာသွေးစိမ့်တတ်နေခဲ့ပြီ
တမ်းတခဲ့ရပါသော..........
လွမ်ူခဲ့ရပါသော..........
သတိရခြင်းတွေနဲ့အမှတ်ရခဲ့ရပါသော
ချစ်ရပါသော......
အခုမျာမှာတော့
တမ်းတခြင်း လွမ်းရခြင်းသတိရခြင်းမေတ္တာရှိခြင်း
အစရှိတာတွေကို
ဥပေက္ခာပြုခဲ့ပြီလားး.........ဆောင်းရယ်...
လင်းနွေး(စွယ်တော်မြေ)
0 comments:
Post a Comment