Saturday, January 7, 2012

***ဆောင်းအိမ်မက်ရဲ့ ရက်ရှည်အလွမ်း***

 

သည်ဆောင်းပေါ့ အလွမ်းတွေကို ကျူးရင့်စေခဲ့တဲ့
ဖြူဖွေးနေတဲ့ငွေကြယ်စင်တွေလို့
မှုန့်မှိုင်းမှိုင်း မြူနှင်းတွေကြား
အနီရောင် အလံတစ်လက်ကိုကိုင်လို့
နတ်ဆိုးတစ်ကောင်ရဲ့
ဝိဥာဉ်မဲ့သံဇဉ်တွေလို
ငါ့နှလုံးသားဗဟိုကို
သွေးစိမ့်စိမ့် ယိုစေခဲ့တယ်.....
အဲဒီအချိန်...
ဆောင်းနှင်းတွေဝေပေမရ့်
ငါ့အသည်းတွကြွေနေခဲ့
လေပြေညှင်းကလည်း
စာနာခြင်းကင်းမဲ့စွာ
ပူပြင်းကာလောင်မြိုက်လို့
မနေ့တစ်နေ့ကမှ
အသက်ရှင်နေသေးတဲ့
ငါ့ရင်ခုန်သံတွေကလည်း
သည်ကနေ့
မောပန်းနွမ်းလျှလို့
အလွမ်းဆိုတဲ့မွေ့ယာထက်မှာ
နာကြင်ခြင်းတွေခေါင်းခုရင်း
ငါအိပ်စက်ခဲ့တယ်
နေ့စဉ်ရက်စက်ပေါ့..ချစ်သူ
သည်လိုနဲ့
တစ်စစီလွင်ပြယ်သွားတဲ့
ပျော်စံရာအိပ်မက်နန်းတော်ဆီ
တစ်ဖန်ခြေဦးပြန်လှည့်ဖို့
သန်းခေါင်ယံထံ
လက်လှမ်းတဲ့အခါ
အာရုဏ်ဦးကပြောတယ်
မင်းလုပ်ရက်မိုက်မည်းလွန်းတယ်
ဟုတ်ပါတယ် ချစ်သူ...
ငါဟာအချစ်ကြောင့်
ရူးသွပ်သွားခဲ့တာပါ
မင်းဖန်ဆင်းပေးခဲ့တဲ့
ချော်ရည်ပူမြစ်တစ်စင်းမှာ
ပျော်ရွှင်စွာကူးခတ်ရင်း
ဆောင်းနှင်းတွေမြူဝေမရ့်နေ့
လေပြေညှင်တွေ အေးမြမရ့်နေ့
ရင်ခုန်သံတွေရှင်သန်မရ့်နေ့
နေ့များစွာကိုစောင့်မျှော်လို့
ကြယ်တစ်စင်းကြွေဆင်းချိန်မှာ
ဆုမွန်ကောင်းတောင်းမိပါတယ်
ချစ်သူရေ...
သည်ဝဋ်မှ လွတ်ပါရစေတော့ .............။

0 comments:

Post a Comment

Featured Posts