အနံ့သင်းပေမဲ့
ဂုဏ်သတင်းမကြိုင်
အဆင်းဖွေးပေမဲ့
ပန်တော်ဝင်စံပယ်သွေးလို
အရေးကမပိုင်
သြော်....
ပွင့်ဖူးတွေမြိုင်ဆိုင်မြူးလို့
ရနံ့တူသော်လည်း
ခူးဆွတ်ရ်ျ ပန်မည်သူမရှိ
နမ်းရှိက်မည်သူကမလာ
မှောင်ကမ္ဘာမှာတစ်ယောက်ထဲ
ဆွေသဟာအဖော်ကွဲပါတဲ့
အို လွမ်း စရာ ကျွမ်းဖွယ်
ညမွေးပန်း ဘ၀ရယ်
တစ်ခါတစ်လေ လမင်း က
အကြင်နာရောင်စဉ်ရိပ်နဲ့
အစဉ်သာချော့သိပ်ပေမဲ့လို့
ငါအိပ်မပျော်ပါဘူးချစ်သူ
ရင်ထဲကဝေဒနာအပူ
သူဘယ်သို့ ကူနိုင်ပါ့မလဲကွယ်
ကြယ်ကလေးတွေရယ်တိုင်း
ငါငိုရတယ်
လေပြေတွေကြည်စယ်တိုင်း
ငါရင်နာတယ်
သန်ခေါင်ယံ ညနက်နက်ထဲ
အထီကျန်ဝိဥာဉ်၏
ကြေကွဲသံ ဆိုတေးစကား
ဘယ်သူကများလာလို့
ဘယ်သူမြင်ပါ့မလဲ
တစ်နွယ်ငင် တစ်နွယ်ဆင့်တဲ့
သမုဒယနွေတစ်ရာ "အို"
ငါ့ကိုပေးသနားပါ
ကံကြမ္မာ..........
လင်းနွေး(စွယ်တော်မြေ)
0 comments:
Post a Comment