လမင်းက မသာ
နေမင်းလည်း မလာတော့
ကြယ်စင်ရောင် ဖျော့သွားတဲ့ဘ၀က
မိုးမျှော်တဲ့ ဖားလိုမျိုး
အက်ကြောင်းထ ရင်ဘက်တစ်ခြမ်းနဲ့
ကာရန်ပျက်တေးသွားကို စမ်းဆိုရင်း
အိုဟောင်းသော အမှောင်လမ်းမှာ
ပိုးစုန်းကြူး အရောင်တန်းနဲ့
လဲကျတိုင်း ပြန်ထခဲ့တယ်.....
ဒါပေမယ့် ... ကံကြမ္မာက
မျက်နှာသာ မပေးခဲ့သလို
လက်ဗလာနဲ့ လာတဲ့လူမျိုးကို
ဘယ်သူတွေ မြတ်နိုးနိုင်မှာလဲနော်...
ကြိုးစားခဲ့တာပါပဲ
ဝင်ရောက်လာသမျှ
မုန်တိုင်းတွေ အန်တုဖြတ်ကျော်ဖို့
တက်ထိုးလှော်မယ့်ကြံတိုင်း
ဖျက်ချိုးခံနေရတဲ့ တောင်ပံအစုံဟာ
အားကုန် လက်ပန်းကျမြဲ
ပတ်ဝန်းကျင်ဆိုတာ
ငွေဂုဏ်မာနခဲတွေပေါ့...
ကျားနာ မာန်မဲသလို
တောက်တစ်ချက်ခေါက် အံကိုကြိတ်
ဝေဒနာတွေ မျိုသိပ်ကာ
ထင်းခွေ မကြုံတာမို့
ရေခပ်အလာ စောင့်ရင်း
မကျေနပ်တာ မှန်ပေမယ့်
ကျေနပ်စွာ ခံယူခဲ့ပါတယ် လောကဓံ....
ိ
ဒီလိုနဲ့ပေါ့ ကောင်းကံယံရယ်
အပူသောကရောက်တိုင်း
အမေံကို လွမ်းတယ်
ချွေးတစ်ပေါက်ကြတိုင်း
အဖေ့ကို တမ်းတမိတယ်
မုန့်ဝယ်စားဖို့ ပိုက်ဆံမရှိတဲ့အခါ
အကို့ကို သတိရတယ်...
မျက်ရည်နဲ့ စတဲ့ဘ၀က
ရက်ရှည်ဒဏ်ရာတွေနဲ့
အနာဂတ်မှာ လှပနိုင်ပါ့မလား
ဟူး...........သက်ပြင်းရှည်အမောချ
အတိတ်ဆိုတာ...
အရိပ်သာ ကျန်ခဲ့တယ်ဆိုပေမယ့်
ရင်ထဲမှာတော့
သိမ်ငယ်ခြင်းတွေ အနယ်ထိုင်နေဆဲ
ရှေ့ရေးအခတ်အခဲတွေက
တွေးလေ ဆွေးစရာကောင်းလေပေါ့......
ဒါပေမယ့်...
အမေရယ် အဖေရယ် အကိုတို့ရေ
သင်တို့ပေးခဲ့သော
ကျွန်ပ်အတွက်
ရပိုင်ခွင့် အနည်းငယ်မျှဖြင့်
လောကဓံတိုက်ပွဲမှာ
အစွမ်းကုန် ယှဉ်နွဲသွားပါ့မယ်
သစ္စာတရားကို သက်သေထား၍...
Men at same time are masters of their fates. (Shakespeare)
လူတွေက တစ်ခါတစ်လေတော့လည်း
သူတို့ကံကြမ္မာရဲ့ အရှင်သခင်တွေ
ဖြစ်ကြပါတယ်........... (ရှိတ်စပီးယား)
0 comments:
Post a Comment