(၁)နွားနက်လေးခုဝှေ့မှုဟန်ပြင်
မဝှေ့ကြဘဲ ရှေင်လွဲသည်မြင်
အရှေ့အနောက် တောင်မြောက်မိုးဆင်
ခြိမ်းသံပေး မိုးဝေးလွင့်ပျောက်စင် ...........။
(၂)မြေကမကြွ ငယ်လှသစ်ပင်
ဖူးစုံရင့်ပြီး ပွင့်သီးတွေတင်
အရွယ်မမျှ ပျိုမမယ်ခင်
သ္မီးသား လင်သာအိမ်ထောင်ချင် ...............။
(၃)ယနေ့ဖွားစ နွားမနို့သာ
မိခင်နွားကြီး စို့ပြီးနေရှာ
သ္မီးနှင့်သား စီးပွားပိုင်ရာ
မိနှင့်ဘ ကျွေးမှစားရမှာ ....................။
(၄)နွားကြီးမကြိုက် ၀မ်းတိုက်နွားငယ်
မရုန်းနိုင်ဘဲ ၀ပ်လဲနေတယ်
ကြီးသူဖယ်ရှား မြှောက်စားလူငယ်
တိုင်းပြည်ရေး ရှုပ်ထွေးပွေတော့မယ်...............။
(၅)ခံတွင်နှခွ မြင်းလှရာဇာ
ကျွေးကျွေးသမျှ မ၀နိုင်ပါ
မှုးမက်မင်းဆိုး လာဘ်ထိုးသူရှာ
နှစ်ဖက်စားတရားစီရင်မှာ.............။
(၆)ခွေးအိုထံဆက် ရွှေခွက်
ကျင်ငယ်အမြဲ ခွက်ထဲစွန့်
မျိုးမြက်သ္မီး ပစ္စည်းမက်ဟန်
အမျိုးယုတ် လင်လုပ်ပေါင်းဖက်ဆဲ...............။
(၇)ရှေ့ကကျစ်ကြ လွန်းစကြိုးကို
ခွေးမခိုးစား ကိုက်ဝါးကာမျို
လင်ကြီးပစ္စည်း သိမ်ဆည်းမသို
လင်မြောင်အား လောင်ကွက်ပို.................။
(၈)အိုငယ်ချည်းနှီး အိုးကြီးရေလျှံ
အိုးကြီးကိုပဲ ရေးဆွဲလောင်းပြန်
ဆင်ရဲသူများ ၀တ်စားမကျန်
အခွန်တွက် နှပ်စက်ငွေတောင်းခံ...................။
(၉)ကြာမျိုးငါးဝ ပွင့်ကြရေကန်
ရေလယ်နောက်လျှက် ကမ်းဘက်ကြည့်ပြန်
မြို့တွင်းပွေရှုပ် ခွန်ထုပ်ကောက်ခံ
မြို့ပြင်ထွက် ပြည့်နှက်စည်ကားရန်............။
(၁၀)တစ်အိုးတည်းချက် အကျမညီ
ထမင်းမာဆက် ပျော့ နပ်သုံးလီ
မင်းကျင့်လူများ တရားမမှီ
မိုးသုံးစား ကွက်ကြားရွာချမည်..................။
(၁၁)မွှေးပျံနံ့ကြူ စန္ဒကူးသိန်တန်
ပုရစ်နှင့်လဲ သုံးစွဲကာပြန်
အဇ္ဇီများ တရားဖိုးတန်
ငွေနှင့်လဲ အမြဲဟောမည်မှန်..................။
(၁၂)သံကြေးမပေါင်း ဘူးပေါင်းဘူးအုံး
ရေတွင်းစုပ်စုပ် နှစ်မြုပ်လုံးဆုံ
ပညာရှိများ စကားဥဿုံ
ပြောသမျှ လောကမသုံးကုန်....................။
(၁၃)အိမ်လုံးတောင် ကျောက်ထုံးကျောက်ပျာ
ရေမှာဘွားဘွား ထင်ရှားပေါ်လာ
ရဟန်ရှင်ဆိုး လူးဆိုးများသာ
ဂုဏ်ရောင်ဘိုး တန်ခိုးပေါ်ထွက်မှာ................။
(၁၄)အဆိပ်ပြင်းတောက် မြွေဟောက်ကြီးကို
ဖားငယ်မက ကိုက်ဝါးကာမျို
ကညာယူထား သက်ကြားဘိုးအို
မယားဆဲ အမြဲအော်ငေါက်ဆို.......................။
(၁၅)အဆင်းမည်းနက် ကျီငှက် ထံမှာ
ရွှေဟင်သာများ ခစားနေပါ
ပညာသီလ ပြည့်ဝသူဟာ
သူယုတ်အား ၀ပ်တွားနေရမှာ............။
(၁၆)ဆိတ်ကိုမြင်ငြား ကြောက်အားပြင်းထန်
ခြင်္သေ့သစ်ကျား ခန်လွှားပြေးပြန်
သူယုတ်မာများ ထောင်လွှားနိုင်ငံ
သူတော်ကောင်းများ ပုန်အောင်တောမြိုင်ယံ...................................။
ကောသလမင်းအိပ်မက်(၁၆)ချက်ပြီးပြီး
0 comments:
Post a Comment