နာကျင်ကြေကွဲခြင်းတွေ
ဖုံးကွယ်ထားတဲ့
ငါ့မျက်လုံးအစုံ
နားလည်မှု့နဲ့
ဘာသာပြန်ဖတ်ဖို့
နင်မှမကြိုးစားဘဲ
ဒုက္ခတွေထမ်ပိုးထားတဲ့
ငါ့ပုခုံး
နင့်အပြုံးကြောင့်
ထမြောက်ရှင်သန်ခဲ့
တကယ်တော့ ငါက
နှင်းဆီပန်ကိုမှ
ကတ်ကြေးမပါဘဲ
လက်လှမ်းကာခူးချင်သူ
အဆင်တန်မြင့်ပေတံတွေခြားထဲမှာ
ငါဟာ ၀ါးပေတံလေးပါ
ဘယသူတွေဘယ်လိုပြောမလဲ
ပတ်ဝန်ကျင်လှိုင်းဂယက်ကြား
ငါ..........ဂရုမထားခဲ့
မင်းအကြာင်း
ခေါင်စဉ်မျာစွာကလွဲ
ဘာအကြောင်းမှဆွဲမတွေးဘူး
ဂျစ်ပစီနှလုံးသားနဲ့
သုညတစ်လုံးကိုရင်ခွင်မှပိုက်
ခပ်မိုက်မိုက်ပဲ ရှေ့ဆက်ရှောက်
မင်းတို့အမြင်မှာတော့
ငါ...တေလေတစ်ယောက်ပေါ့
ကောင်မလေးရေ..
မင်းတို့ဘာသာဒဲ့ပဲကြည့်ကြည့်
တစောင်းပဲကြည့်ာကည့်
ငါ့ဘက်ကတော့
မပြောင်လဲနိုင်တဲ့ခပ်ဝိုင်းဝိုင်းရေပြင်လွှာလေးပါပ့ကွာ...............။
0 comments:
Post a Comment