Monday, January 9, 2012

ရင်ခွင်တံခါးဖွင့်ပေးပါတော့


မင်းရဲ့
စူးရှတဲ့မျက်ဝန်းနက်တွေနဲ့
တွေ့ဆုံပြီးနောက်ပိုင်း
အိုင်းစတိုင်ရဲ့အဏုမြူကို
လက်ရမ်းပြီးနှုတ်ဆက်ထားခဲ့ချင်တယ်
မင်းလက်နက်လောက်ကတော့
ရင်မခုန်ဘူးလို့ပေါ့
တကယ်ပါကောင်မလေးရယ်
အိပ်စက်ဖို့အတွက်
ငါ့အားအင်မရှိတော့ဘူး
သန်းခေါင်ယံချိန်ညဥ့်နက်ဆို
မျက်ဝန်းတွေပိတ်ခဲ့ရင်တောင်
အာရုံမှာထင်နေတာ
မင်းရဲ့မျက်ဝန်းနက်တစ်စုံပါ
အရမ်းပဲစွဲလမ်းခဲ့တယ်
အရူးတစ်ယောက်ရဲ့အိမ်မက်လို
အရာမထင်စေနဲ့
သောင်ကမးခြေရွှေစာယံမှာ
အကြိမ်ကြိမ်ဆုပန်ခဲ့တယ်
ငါ့အသံတွေလေထဲမှာပျံဝဲ
နှလုံးအိမ်ထဲကအချစ်နွယ်
ပစ်ပယ်လို့မရတော့ဘူး
အော်......အချစ်ရယ်........
မထိန်းနိုင်ဒီရေစီးကြောင့်
ကြာကြာလေကြီးမြစ်တွယ်
သိပ်ချစ်တယ်ကွယ်လို့
ကာရံညီကဗျာစီ၍
ရေးသီကာဖွဲ့နွဲ့လိုက်ချင်ပြီ
အိုချစ်နတ်သ္မီး
ရင်ခွင်တံခါးဖွင့်ပြီးကြိုပါတော့

0 comments:

Post a Comment

Featured Posts