Sunday, January 8, 2012

နေ့ရက်တိုင်း



သံယောဇဉ်နဲ့စခဲ့တဲ့
နေ့ရက်တွေတိုင်း
သတိရခြင်းနှလုံးသားတစ်စုံနဲ့
နှုတ်ဆိတ်ခဲ့ရတဲ့နေ့ရက်တွေနဲ့
ဆိတ်သုဉ်းခြင်းရင်ခွင်နန်း
အခုတော့.........
လေပြေတွေလဲ တည်ငြိမ်နေဆဲ
လှိုင်းဂယက်တွေလဲဖြည်းညင်းလို့
ဆွေးပူမိတဲ့ ကိုယ်ရင်ခွင်မှာတော့
သာယာခြင်းနေရက်တွေ
ပြောက်ကွယ်နေခဲ့တာကြာခဲ့ပြီ
မျော်လင့်ချက်နဲ့ သတိရခြင်းတွေကို
အိပ်မွေချခဲ့တာလား
အိပ်စက်စေခဲ့ရတာလား
အိပ်မက်တွေလားထင်ခဲ့ရပေါ့
တိတ်ဆိတ်တဲ့ညသန်းခေါင်မှာ
လရောင်မှကင်းဝေး
လွမ်းဆွေးခြင်းနှင့်ဒီဝေဒနာ
မဖြေသာခဲ့တာကြာခဲ့ပါပြီ ..ချစ်သူ..
ပြန်လားမဲ့နေ့ရက်တွေတိုင်း
အပြန်းလမ်းကစောင့်နေမယ်
စောင့်မျော်ရင်းနဲ့ ... လွမ်းလှပြီ.......

1 comments:

Post a Comment

Featured Posts