Monday, January 23, 2012

ကျွန်တော်ပြောချင်သော အချစ်အကြောင်း

ဘယ်လိုပြောရမှန်ကိုမသိတော့ဘူး
သိပ်ချစ်တာပဲလားဟင်
အတိုင်းအဆမရှိချစ်တာပေါ့
အရင်ရည်းစားဟောင်းတွေကိုရော
အားလုံးကိုမေ့ထားလိုက်ပါပြီ
မီးနဲ့ပါတ်သက်တာတွေ သတိရနေနော်
တစ်နေ့မှမမေ့ဘူး
ရည်းစားဦးကိုသတိရသေးလား
နှလုံးသားထဲကထုတ်ပစ်ခဲ့တာကြာပါပြီ
မီးတစ်ယောက်ထဲကိုပဲချစ်နေရမယ်နော်
စိတ်ချ တစ်ယောက်ထဲပါ
နောက်အသစ်ရှာဦးမှာလား
လုံးဝစိတ်မကူးဘူး
အတူနေဖို့ကြိုးစားနော်
ဖြစ်နိုင်ရင်အခုချက်ချင်းပဲ
မီးကိုမုန်းသွားမှာလားဟင်
ဒီအကြောင်းတွေမပြောပါနဲ့လား
သိပ်ချစ်တာပေါ့လေ
ဘယ်လိုပြောရမှန်ကိုမသိတော့ဘူး

မှတ်ချက်/

ချစ်သူဘ၀ရောက်ပြီး မကြာမှီ ဤကဗျာကိုရေးခဲ့ပါသည်
၂ နှစ်သို့ ကြာသော်အခါ ကဗျာတစ်ပုဒ်ထပ်မံရေခဲ့ပါသည်
အောက်မှ အထက်သို့ ပြန်ဖတ်ကြည့်ရန်ဖြစ်ပါသည်.....................

သူငယ်ချင်းတို့ရေဒီကဗျာရေးဟာ ကျွန်တော်ကြိုက်လို့

နှစ်သက်လို့ပါ ကျွန်တော်ရဲ့ကဗျာ မဟုတ်ပါ
ကိုဝင်မြင့်ကျော်(ထောချောင်းဦး) ရေးသားခဲ့တာပါ
သူကိုလဲဂုဏ်ပြုရင်းနဲ့ ကျွန်တော်လဲကြိုက်လို့
တင်ပြခဲ့တာပါ

0 comments:

Post a Comment

Featured Posts