
လှပခြင်းနေ့ရက်တွေ
ကူသန်သွားလာခဲ့ပေမဲ့
အချိန်တိုင်းမှာသတိရနေခဲ့တာ
...........။
ဘ၀တတစ်ကွေ့မှာ
ခဏတာတွေ့တဲ့သူတွေအချင်းချင်း
ရင်းနှီးစွာဆက်ဆံနေတိုင်းခြင်းကလည်း
ခဏတာခွဲခွါ သွားရတဲ့အခါ
ဝမ်းနည်းနေမိခဲ့တာ တို့တတွေပါ.....။
တချိန်က ကျောင်းဘေးက
လက်ဖက်ရည်ဆိုင်မှာ
အတူသောက်ခဲ့တဲ့ တိုင်ကီ တစ်ခွက်
ညီမျှခြင်းသင်္ကေတတစ်ခု
ခေါင်ပေါ်ရွက်လို့ ပေါင်းဖော်နေခဲ့ကြာတာ
ဆောင်းကျော်မှ ပြန်မလာတဲ့သတင်း
အချင်းချင်းပြောပြခဲ့လို့
ဒေါသတော့မထွက်ခဲ့ပါဘူး
အခါနှောင်းမှသိခွင့်ရတဲ့အတွက်
ဝမ်းနည်းမိတယ်.................။
တစ်တန်ထဲနေတစ်စိတ်ထဲထား
သူအလုပ်ကို ကိုယ်အလုပ်လို့သဘောထား
ပညပ်ချက်ဆိုတာတို့တတွေကြားမှာမရှိ
ဒါဟာ
သတိရှိတဲ့သူငယ်ချင်းလေးတွေရဲ့
အမှတ်တမဲ့မဟုတ်တဲ့
လက်တွေ့ထဲကတို့တတွေ
အနာဂါတ်မှာရှင်သန်ကြဖို့
ကြိုးစားကြရအောင်
လက်ရှိဘ၀အတွက်...................။
0 comments:
Post a Comment