Sunday, January 8, 2012

ရင်ထဲကမင်း



န့နဲ့ည
ပြောင်းပြန်ဖြစ်နေတဲ့
နာရီစက္ကန့်မိနစ်တွေက
အလွဲအလွဲအမှားမှား

ထားရှိခဲ့တဲ့သံယောဇဉ်ရဟတ်ကြီးကတော့
နေ့စဉ်လည်ပတ်လျှက်ပေါ့
ဝိရောဓိဆိုတဲ့အရာကို
အိပ်မက်ထဲမှာထည့်မက်ဖို့မဆိုထားနဲ့                   
နှလုံးသားမှာရေးထားခဲ့တဲ့
ဒသနတစ်ပုဒ်
အချစ်နဲ့ပတ်သက်လို့
အမုန်းဆိုတာကို
ရင်ဆိုင်ရဲရမယ်
အရုံးဆိုတာကိုလည်းခံယူရဲရမယ်
အလွမ်းဆိုတာကိုယ်ပိုင်ပစ္စည်းတစ်ခုပါ
အချစ်နဲ့ကျန်ခဲ့တဲ့နေ့ရက်တွေ
ရှေ့ဆက်နိုင်ဖို့
လွမ်းခွင့်ဆိုတာပေးပါ
ကိုယ့်နှလုံးသားက
လွဲမှားခြင်းဆိုတာမရှိခဲ့ပါဘူး
မင်းနဲ့ပတ်သက်လို့ပေါ့.......................။

0 comments:

Post a Comment

Featured Posts