* * *သူကိုတွေ့ရင်ပြောပေစမ်းပါ
ပင်လယ်မှာမပျော်ဘူးလို့ မြစ်ကိုမျော်ဖူးမိခြင်းပါ
မယာတွေတတ်သတု့လား........?
ဆန်းဆန်းပြားပြားနဲ့
ခမ်းခမ်းနားနားတည်းထားတဲ့အိမ်
အကြိမ်ကြိမ် ၀င်ဖို့ကြိုးစားသမျှ
သဲတွေထဲ ခဲရေကျသလိုမျိုး
အတိုးနဲ့သာအရည်ပျော်ပျောက်ရှ
အဖန်တရာမက
ကံကြမ္မာဖျံကျတယ်ဆိုတဲ့အကြောင်း
* * *သူကိုတွေ့ရင်ပြောပေစမ်းပါ
''လင်းနွေး'' ဆိုတဲ့ ဒီနဲကောင်
နိမိတ်ကောင်းနဲ့ရှေ့ဆောင်နေခြင်းလား .......... ?
''သင်းကွဲငှက် ''ဆိုတဲ့ဒီငနဲကောင်
နိမိတ်အကွဲနဲ့ ရှေ့ဆောင်နေခြင်းလား......... ?
ဘာပဲလုပ်လုပ် ဖုတ်ကနဲပြုတ်ကျ
အမြင်မတတ်ရဆိုတာ တကယ်လား ......... ?
လှိုင်တွေအထပ်ထပ်ရိုက်ပုတ်ပေမရ့်
မှန်လို လူစားမျိုးဆိုရင်
ဘာကြောင့်ပြဒါတွေ ကုန်ခမ်းနေခဲ့တာလည်း
ပေးသလောက်ပြန်မရတဲ့အခါ
လက်သီဆုပ်က ရော့ရဲနာကျင်လာတယ်
ဒါပေမရ့်ကွယ်.......
ချိုးချင်သလောက်သာချိုး
မာနပင်ပျိုမထားရက်ခဲ့
အသွေအသားတွေကြဲပက်ပြီသာမို့
အနားတ်မထားတဲ ဒီရေအိုင်လေးမှာ
မင်းကြိုက်သလို နေထိုင်ခွင့်ရှိသေးတယ်တဲ့အကြောင်း
သူကိုတွေ့ရင်ပြောပေးစမ်ပါ.................။
သူကိုတွေ့ရင်ပြောပေးစမ်ပါ.................။
သူကိုတွေ့ရင်ပြောပေးစမ်ပါ.................။
0 comments:
Post a Comment