ရင်ထဲမေတ္တာကို
ခေတ်သစ်ရဲ့ ပေါ်မြူလာ
အသစ်အဆန်းစကာတွေနဲ့
ဆင်မြန်မှတင့်တယ်တဲ့လို့များ
ထင်နေကြလား * မော် *
ပြီတော့
သစ္စာမဲ့မုသားစကားတွေ
အရောင်မျိုးစုံနဲ့နှလုံးသားတွေ
အဲဒါတွေနဲ့ ဖော်ကြူးပြီး
ယစ်မူးစေမှ အချစ်လို့
ယူဆနေသလား မော်ရယ်
မင်းဘ၀တစ်သက်တာအတွက်
မှတ်ထာလိုက်ပါမော်
အချစ်ဆိုတာပူလောင်ပြင်းထန်တဲ့
ကန္တာရမုန်တိုင်းကြားထဲက
သစ္စာမေတ္တာတွေဝိုင်ရံထားတဲ့
အဖြူထည်သက်သက်တစ်ခုဆိုတာ ကိုပေါ့
0 comments:
Post a Comment