မေရယ်
အလွမ်းတွေကို
သချာင်္ဂဏန်းနဲ့တွက်ကြည့်ရင်
ခုကျနေတဲ့မိုးရေပေါက်တွေ
ငိုကြလိမ့်မယ်
တကယ်တော့
အလွမ်းဆိုတာ
ဆူးရံထားတဲ့နှင်းဆီပန်းတစ်ပွင့်
ကတ္တရာလမ်းပေါ် မူးကြတုန်း
ခပ်ရိုင်းရိုင်း အိပ်မက်တွေကြား
ထိရှခဲ့တဲ့သွေးမဲ့ဒဏ်ရာလေးပါ
တဖြည်းဖြည်းနဲ့
မျှော်လင့်ချက်တွေ
အရောင်မှိန်လာခဲ့ပြီ
ကမ္ဘာတစ်ခြမ်းမှာ
အလင်းရောင်ရှာဖွေရင်း
နေ့ရက်တွေတိုင်းမှာ
ညဥ့်နက်ခဲ့
မင်းကတော့
ကမ္ဘာတစ်ခြမ်းမှာပျော်ရွှင်လျှက်ပေါ့
ကောင်မလေးရယ်
ငါ့ဘ၀အမှောင်ညတိုင်းအတွက်
အာရုဏ်ဦးနေခြည်ဆိုတာ
မင်းထွန်းညှိပေးမှရလာခဲ့
အလင်းရောင်လေးပါကွာ............
0 comments:
Post a Comment