Monday, January 9, 2012

နှလုံးသားမှတဆင်အရာအားလုံးဖြစ်သူ

အရာအားလုံးထက်သိမ်မွေ့
လွမ်းစေဖို့မဟုတ်
ပျော်ဝင်ကာကွေ့စီး
အေးချမ်းတဲ့စမ်းရေကြည်မို့
ပျောညံ့တယ်မထင်ပါနဲ့
ကြီးမားတဲ့ကြောက်ဆောင်ထုကို
ကျေမွအောင်ဖန်တီနိုင်သောသူ
မဟာပထ၀ီကို
ဧရာဝတီဟုပေါ်လွင်စေခဲ့ပြီ
မျက်ရည်ချောင်းဖောက်ခဲ့တာလဲ....သူ
သူသည်သိမ်မွေ့နူးညံ့၏
but သားအတွက်ဆိုရင်
အပြောယ်တဲ့လောကအလယ်မှာ
သောကကြွယ်ကြွယ်ရှောက်လှမ်းရွေ့
မောတယ်လို့ဆိုမှာမဟုတ်
မဟာပထ၀ီကိုစည်ထု လောကကိုအံတု
သိဒ္ဒတ္ထကိုဘုရားဖြစ်ခဲ့တဲ့သူ
အန္တရယ်ကိုခ၀ါချ
ပကာသနဆိုတာတွေကို လက်ပြနှုတ်ဆက်
ခေတ်အဆက်ဆက်က
မဟာဘုရင်သခင်ယောက်ျား
ဆိုသူတွေကိုမွေးဖွားပြီး
တစ်ဘက်ကရန်သူုတွေကို
မျက်ရည်ကျစေသောသူ
ရောဂါဗလပွနဲ့
သေမင်းခတဲ့လူစုကို
မေတ္တာဆေးကုခြင်းတွေနဲ့အတူ
မျက်ရည်သိပ်စေခဲ့တဲ့သူ
သိမ်မွေ့သောနှလုံးသားမှ
ရဲရင်သောသွေးနီဥများ
ဖြတ်သန်ခဲံ့တဲ့အခါ
အဓိပ္ပာယ်များစွာပေါ်ထွက်
ကဗျာစပ်စေခဲ့တာလဲ.......သူ
လောကရဲ့ကံကြမ္မာ အန္တရယ်ကြားက
စွန့်စားခဲ့သော မေတ္တာဖြင့်
ကြင်နာခြင်းရင်ခွင်ကြားမှာ
နွေးထွေးသောမေတ္တာတွေနဲ့
ထွေးပိုက်ခဲ့သော ချစ်မေမေအား
သားလွမ်းဆွတ်ခြင်းသံယောဇဉ်ဖြင့်
မေမေများအားရည်းမှန်လျှက်
မေမေများနေ့ အမှတ်တရ

0 comments:

Post a Comment

Featured Posts