မာနချင်းပြိုင်
ဘယ်သူနိုင်ပါ
ဖြေမဆည်နိုင်
ခွေယိုင်စိတ်နွမ်း
ကိုယ်မစွမ်းတော့
အလွမ်းရင့်ရင့်
စူးနင့်ရင်ဘက်
ဓားထက်ထက်အောက်
အသက်ပျောက်ပေါ့
ရှေ့နောက်ရပ်စုံ
ကြည်မိတုံလည်း
အာရုံတိုင်းတွင်
မင်းရိပ်မြင်၏
ရင်၌သက်ဝင်
ဆွေးရပ်ထင်သည်
သခင်မြင်ကွဲာကင်ပါလှည့်
သြော်...
ဝေးရပ်ချစ်သူ
ဆွေး၍ပူမိ
လူမသိဝေဒနာ
အဖြေရှာစိတ်မော
ယခုဘ၀မြစ်ရေကြော
မှာဖြင့် အချစ်ရေ..
သမုဒယ အညစ်တွေကမျော....။
0 comments:
Post a Comment