အလေးနက်ထားပြီး
ရေးခဲ့တဲ့ကဗျာတွေ
တွေးခဲ့တဲ့စာအဟောင်းတွေ
ဘ၀အတွက်အတွေ့အကြုံမရှိသေးတဲ့
အာမခံချက်
ဘယ်နေ့ဘယ်အချိန်ဘယ်နေရာမျိုးမှာ
ငါ့ဆီကိုရောက်လာမှာလဲ
ငါပေးခဲ့တဲ့သံယောဇဉ်ဆိုတာ
မင်းရဲ့မေတ္တာတရားအပေါ်
မလွမ်းမိုးနိုင်ခဲ့လို့လား
ဒါမှမဟုတ်.......
သံယောဇဉ်ရဲ့နောက်ကွယ်မှာ
လေးနက်တွေပျောက်ကွယ်နေခဲ့လို့လား
မေတ္တာတရားခေါင်းပါးတဲ့-
ပါတ်ဝန်းကျင်နယ်ပါယ်မှာမရပ်တည်ခဲ့ဘူးပါ
ဆင်ခြေဖုံးရပ်ကွက်ထဲကလွတ်မြောက်လာတဲ့
ဆင်းရဲသားတစ်ယောက်......
ဟုတ်တယ်.....
ပြောရရင်အခုချိန်ထိပေါ့...
ဒါကြောင့်ပဲ...အချစ်ဆိုတဲ့အရာ
အလေးမထားခဲ့တာ...ညာတတ်တဲ့သူတွေရှိလို့
ငါ့အဖြစ်က
လက်လှုပ်မှပါးစပ်လှုပ်ရတဲ့ဘဝ
အချစ်ဆိုတာနားလည်းသင့်သလား.....
ဒီလောက်ဆိုမင်းနားလည်မှာပါ..ချစ်သူ........
ဒါပေမဲ့
လူတိုင်းမှာအချိန်ဆိုတာရှိတယ်
တကယ်တော့အချိန်ဆိုတာ
ကိုယ်ဘ၀ရဲ့တိုင်ပင်ဖို့အကောင်းဆုံးမိတ်ဆွေ
ငါသိပါတယ်ချစ်သူ
တဇွတ်ထိုးဆန်တဲ့
ကိုယ်အမူအရာတွေ
မင်းမေတ္တာနဲ့နှိုင်းခဲ့မဲ့ဆိုရင်
မိုးနဲ့မြေကြီးကွာခြာပါတယ်
ကိုထားခဲ့တဲ့သံယောဇဉ်ကတော့
ကြားထဲကလေဟာနယ်တစ်ခုလို့
ဒြပ်ထုမရှိခဲ့ပေမဲ့
သူတို့နှစ်ဦးကြားမှာ
ရှင်သန်ရင်ငေးမောရင်းနဲ့
အလုပ်ရှုပ်နေလျှက်ပေါ့
စဉ်စားကြည့်ရင်
သူကိုသူမြှားနတ်မောင်လို့ဝန်ခံခဲ့မိတာ
သူအမှားတွေဖြစ်နေခဲ့ပြီလားလို့
သူတွေးနေခဲ့တာဘယ်သူမှ မသိခဲ့သေး
ဒီအကြောင်းတော့မင်းသိမှာပါချစ်သူ...
မသိသေးရင်လဲမေးကြည့်ပေါ့................
မှတ်ချက် / ချစ်သူမသိသေးသော ကျွန်တော်ဘ၀ခရီးကြမ်း ချစ်သူသိစေဖို့ကျွန်တော်ရည်သန်ပါတယ်...
0 comments:
Post a Comment