Monday, January 23, 2012

ရင်ကွဲသံတေး

|0 comments

ဘ၀ဆိုတာ
သုညသမားတွေအတွက်
ကျရှုံးခြင်းရပ်ရွာလား ?
အတွေးတွေဝေး၀ါး
မှောင်မိုက်တဲ့လမ်းများအထက်
ပိုးစုန်းကြူးတစ်ကောင်အဖော်မပါ
ငါသွားလာနေဆဲ............
ဟေ့........
လောကထဲကလူသားတိုင်း
ခေါင်းတစ်လုံးကိုယ်စီရှိကြပေမရ့်
ဘာကြောင့်များ...........
ငါ့ခေါင်းကနိမ့်နေရသလည်း
ဂုဏ်ကြောင့်လား.......?
ငွေကြာင့်လား.........?
ဝမ်းနည်းမှု့ရဲ့ဟစ်ကြွေးသံကို
ဘယ်သူတွေကြားလို့လည်း
ကြားတဲ့သူ အကြောင်းပြန်ပါ
ထူးဆန်းတဲ့ သတ္တ၀ါတစ်ကောင်လို
ငါကြည့်ချင်လို့ ......................
အထီကျန်ဆန်မှု့တွေကြောင့်
ဘ၀အပေါ်မကျေနပ်လို့
အစဖော်ဖန်တီချင်ပေမဲ့
ပေးဆပ်ခဲ့ကြတဲ့
အတိတ်ကနေ့ရက်တွေကို
အားနာမိတယ်လေ
သူငယ်ချင်းရေ................
ဘ၀ဆိုတာငါ့အတွက်တော့
ကြယ်မထွက်လမသာ
မှောင်ရီဝိုးတ၀ါးနဲ့
စမ်း...သွားရတဲ့ညတစ်ညပါပဲကွာ............။

ကျွန်တော်ပြောချင်သော အချစ်အကြောင်း

|0 comments
ဘယ်လိုပြောရမှန်ကိုမသိတော့ဘူး
သိပ်ချစ်တာပဲလားဟင်
အတိုင်းအဆမရှိချစ်တာပေါ့
အရင်ရည်းစားဟောင်းတွေကိုရော
အားလုံးကိုမေ့ထားလိုက်ပါပြီ
မီးနဲ့ပါတ်သက်တာတွေ သတိရနေနော်
တစ်နေ့မှမမေ့ဘူး
ရည်းစားဦးကိုသတိရသေးလား
နှလုံးသားထဲကထုတ်ပစ်ခဲ့တာကြာပါပြီ
မီးတစ်ယောက်ထဲကိုပဲချစ်နေရမယ်နော်
စိတ်ချ တစ်ယောက်ထဲပါ
နောက်အသစ်ရှာဦးမှာလား
လုံးဝစိတ်မကူးဘူး
အတူနေဖို့ကြိုးစားနော်
ဖြစ်နိုင်ရင်အခုချက်ချင်းပဲ
မီးကိုမုန်းသွားမှာလားဟင်
ဒီအကြောင်းတွေမပြောပါနဲ့လား
သိပ်ချစ်တာပေါ့လေ
ဘယ်လိုပြောရမှန်ကိုမသိတော့ဘူး

မှတ်ချက်/

ချစ်သူဘ၀ရောက်ပြီး မကြာမှီ ဤကဗျာကိုရေးခဲ့ပါသည်
၂ နှစ်သို့ ကြာသော်အခါ ကဗျာတစ်ပုဒ်ထပ်မံရေခဲ့ပါသည်
အောက်မှ အထက်သို့ ပြန်ဖတ်ကြည့်ရန်ဖြစ်ပါသည်.....................

သူငယ်ချင်းတို့ရေဒီကဗျာရေးဟာ ကျွန်တော်ကြိုက်လို့

နှစ်သက်လို့ပါ ကျွန်တော်ရဲ့ကဗျာ မဟုတ်ပါ
ကိုဝင်မြင့်ကျော်(ထောချောင်းဦး) ရေးသားခဲ့တာပါ
သူကိုလဲဂုဏ်ပြုရင်းနဲ့ ကျွန်တော်လဲကြိုက်လို့
တင်ပြခဲ့တာပါ

မင်းရဲ့အလှ

|0 comments
စီးဆင်းတာကချောင်းရေပါ
ပြောင်းစေတာကမင်းရဲ့အလှ
ဘုရားကဆိုအနိစ္စကိုလည်း
ကြည့်လို့မ၀တာကမင်းရဲ့ အလှ
ညတာကရှည်အိပ်လို့မဝ
စိတ်ကူးထဲက မင်းရဲ့အလှ
တွေးချင်တိုင်းတွေးဆွေးချတိုင်းဆွေး
အိပ်ပျော်သွားလည်းမင်းရဲ့အလှ
ကဗျာနွဲ့နွဲ့ စာတွေဖွဲ့လည်း
ဖွဲ့ဖြစ်လိုက်တာ မင်းရဲ့အလှ

မမေ့နိုင်လောက်တဲ့မျက်ဝန်းတစ်စုံ

|0 comments
တစ်ခဏတာတွေ့ဆုံမှု့ဆိုပေမဲ့ရ့်
တစ်ဘ၀တာ မမေ့နိုင်လောက်တဲ့
အကြည့်တစ်ချက်
ကိုလေးဖြူရဲ့
နဂါးရိုင်းအကြည့်လိုဆိုရမလား
အသည်းထိအောင် တုန်သွားတယ်
ရင်ခုန်တယ်ဆိုတာလားတော့မသိ
ဒါပေမဲ့......................
ရင်ထဲမှာတော့ ဟာတာတာ ဖြစ်သွားတယ်
အဲဒါမင်းရဲ့................
နဂါးရိုင်းအကြည့်တစ်ချက်..............။

အားတင်းထား

|0 comments

 
ရှေမှာလမ်း

ငါခြေထောက်နဲ့လျှောက်လှမ်းမယ်

ရှေ့နားကမြစ်

ငါကိုတိုင်လက်ပြစ်ကူးမယ်

သာယာတဲ့လမ်း

အဘယ်မှာရှိစမြဲလဲ

လမ်းဆိုတာအမြဲတမ်းမဖြောင့်

အမြဲတမ်းလဲမကောက်

ရှေ့ကိုသာဆက်ရှောက်

ဘာမှမကြောက်နဲ့

သေတစ်နေ့

မွေးတစ်နေ့

မှတ်ထားလောကမှာ

ချမ်းသာချည်းလဲမရချင်နဲ့

ဆင်းရဲလည်းတလဲပေါ့

သံသရာခရီးကရှည်တယ်

သတိထားခလုပ်မတိုက်မိစေနဲ့

နှလုံးသားပြိုင်ပွဲ

|0 comments
သံယောဇဉ်လွန်စွဲတဲ့ပွဲံ
အနိုင်ကြဲဖို့ပြိုင်ခဲ့
ယိုင်လဲဖို့မဟုတ်
ခိုင်မြဲတဲ့နှလုံးသားနဲ့
ပြိုင်ပွဲရဲ့တာအထွက်မှာ
စတင်လို့ထွက်ခဲ့တာ
မရချင်လဲနေပါစေ
အားအင်တွေရှော့ချ
သောကတွေဗလပွနဲ့
ရှောက်လာတဲ့ပြိုင်ဘက်
ပွဲမစခင်ပြန်ထွက်လိုက်ပါလား
ယိုင်နဲ့နဲ့မေတ္တာလောက်နဲ့
ဆက်ရှောက်နေရင်
မောသွားလိမ့်မယ်
တကယ်တော့မင်းရင်ခွင်မှာ
မေတ္တာတရားတွေခေါင်းပါးနေလို့
သစ္စာတရားတွေပြန်စုစည်းလိုက်ပါအုံး
ချစ်သဒ္ဒါပွားလို့
သစ္စာတရားနဲ့ဖွင့်ဟပါရစေကွာ
လင်းနွေးဆိုတဲ့ ဒီကောင်လေးက
ညီနောင်လေးကိုတောင်ဆိုရင်နဲ့
နှုတ်ဆက်ပါရစေ
ဒီပြိုင်ပွဲကနှုတ်ထွက်လိုက်ပါလို့ပေါ့နော်
.........။

Friday, January 20, 2012

အကန့်အသန့်မရှိ

|0 comments
အကန့်အသန့်မရှိတဲ့
သမုဒ္ဒရာရေပြင်ကျယ်လို
များပြားလွန်းတဲ့မေတ္တာတွေရယ်
အဲဒါကိုယ်ပိုင်တဲ့ဧဒင်ဥယျာဉ်ထဲက
အာဒံဧ၀နှစ်ယောက်
တမ်းတနမ်းရှိုက်ခဲ့ဘူးတဲ့
ပန်းသီးတစ်လုံးရယ်
အဲဒါတွေဟာ....
လှပတဲ့မင်းလေးအတွက်ပေါ့
ယူချင်သလောက်ယူ
သုံးချင်သလောက်သုံး
မင်းလန်းဆန်းဖို့အတွက်ဆို
ကိုယ်ဘက်ကအဆင်သင့်ပါဘဲ
မင်းစိတ်နဲ့ကိုယ်ခန္ဓာ
ငြင်းဆန်ဖို့အင်အားမရှိ
မင်းစေညွန်ရာသွား
ထားလိုတဲ့နေရာမှာနေ
ကိုယ်ဆန္ဒတွေမြုတ်နှံ
အသိတရားကိုကျောပေးလို့
အသက်စတေးရတောင်
ချစ်မဲ့သူပါကွယ်...................


နှလုံးသားဒဏ်ရာ

|0 comments

ရေးထိုးမှတ်တမ်းတင်ထားပါရစေ

ဆေးထိုးအရောင်ပြောင်း ကဗျာတစ်ပုဒ်အတွက်

ပေးဆပ်ထမ်းပိုးထားရတဲ့နာကျင်စရာတွေဟာ

ရင်ထဲမှာတန်းစီချထားရင်

ကျွန်တော်မျိုးရဲ့အသည်းဟာဖန်ကွဲရှဒဏ်ရာကို

ဆတ်ဆတ်ခါနာကျင်ရပါပြီ........

အခုတော့ကောင်မလေးရယ်

အဲသလောက်စိမ်းရသလား

ဂီယာပြောင်းမောင်းထွက်ကြဖို့

စမ်းပြလိုက်တဲ့အချက်ပြမီးစိမ်းလို

အသည်းစိမ်းစားဖို့

နတ်ဝင်သည်ရဲ့နတ်စမ်းလို

နှလုံးသားတွေပွင့်ထွက်ဖို့

ပြင်းအားကောင်းတဲ့ ယမ်းစိမ်းလို

တကယ်တော့

မင်းအတွက်ငါဟာ........

သူစမ်တော့ သူစိမ်းပေမရ့်

အမြဲတမ်း စိမ်းဖို့ကြိုးစားနေတယ် သူပါ.............။
 ဒါဟာကျွန်တော်ပျာ်ရွှင်လို့မဟုတ်ပါဘူး
ခံစားမှု့တွေကိုဖြေနေတာပါ....

ငါ့ရဲ့ရည်ရွယ်မှု့

|0 comments
သဘာဝရဲ့
အငွေ့အသက်တစ်ချို့
ခဏတာဆိုသလို
ဋ္ဌာနေမှာတော့ တွေ့ခဲ့ရပေါ့
ဒါဟာအဖြေပေါ့
ငါနေတဲ့နေရာ
ငါရှာတဲ့ပညာ
ငါ့ဘ၀အတွက်လမ်း
ဘယ်လောက်ကြမ်းတမ်းနေပါစေ
သဲသောင်ပြင်လဲရှောက်
ကျောက်တောင်ဆိုလဲကျော်
မြစ်ပင်ဆိုလဲကူး
ကျော်နိုင်ဖို့က ကိုယ့်ရဲ့စိတ်ဓါတ်
အခုတော့ သင်ဆဲ
အပြောကျယ်တဲ့လောကမှာ
ပါတ်ဝန်ကျင်ကပေးလိုက်တဲ့
လင်းနွေးဆိုတဲ့ဒီကောင်
နွေးထွေးခြင်းရင်ခွင်တစ်စုံနဲ့
ရှောက်လှမ်နိုင်ဖို့
အထောက်အထားဆိုတာတွေရှိနေစေဖို့
ခိုင်လုံအောင်ကြိုးစားဆဲ
နိုးကြားဆဲ
အောင်မြင်မှု့ပန်တိုင်ဆီသို့ .....................။

                                                   

သူအကြောင်း

|0 comments

လျှောက်ခဲ့တဲ့နေ့ရက်တိုင်း

သတိရခြင်းအိပ်မက်တွေနဲ့

အိပ်စက်လို့ပေါ့

နှိပ်စက်ခဲ့တဲ့အိပ်မက်ဆိုး

အဆိတ်တတ်မိုးလို

တဖြောက်ဖြောက်ရွာချ

အိပ်မက်ကနိုး

စိတ်ပျက်လို့မှိုင်

တငိုင်ငိုင်နဲကငါ့အဖြစ်

မင်းသိမှာမဟုတ်

သန်းခေါင်ကျော်လို့

အိပ်မရသေး

နေ့နဲ့ညကနောက်ပြောင်နေကြ

ကျန်ခဲ့တဲ့နေ့တစ်ချို့

စမ်းတ၀ါးဝါးနဲ့ပေါ့

လမ်းသလားနေတဲ့

အိပ်မက်ဆိုးက

နေ့ရက်တိုင်းမှာအိပ်ပျက်စေခဲ့ပေါ့

နောင်လာမဲ့ daily lives

အိပ်မက်ဆိုးတွေရောက်မလာပါစေနဲ့လို့

ဆုတောင်းနေလျှက်ပါ






သတိ

|0 comments

မျော်လင့်ချက်တိုင်း
ခြေတစ်လှမ်းဦးဖို့
ခံစားချက်တိုင်း
နှလုံးသားတစ်ဝက်ရင်းခဲ့ပြီမို့
စာဖတ်တဲ့အချိန်တိုင်း
စဉ်းစားတတ်ဖို့
လွမ်းတဲ့အခါတိုင်း
တိတ်ဆိတ်နေတတ်ဖို့
ချစ်တဲ့အခါလဲ
ပုံမချစ်ဖို့
ခဏဆိုတာ
အခုလက်ရှိလောက်
ယုံနိုင်စရာမရှိ
သင့်ရဲ့........
နေ့ရက်တွေမှာ
သင်သာသိမှာပါ
"သတိ"ဆိုတာ
သင့်အနားရှိဖို့

ဝေးကွာသွားတာအပြစ်လား

|0 comments


 
အရင်အချိန်
တွေ့မြင်နေကြ
မင်းမျက်နှာလေး
သတိရတိုင်း
တမ်းတမိတယ်
မှန်းဆပြီးတော့
လွမ်းခဲ့ရတဲ့မင်းပုံရိပ်
မတွေ့တာကြာလို့
သူစိမ်းဆန်နေပေမဲ့
အထီကျန်နေတဲ့
ငါ့ရဲ့ဘဝ
မင်းဘ၀နဲ့ထပ်တူကြဖို့
love & love နဲ့တော့
မပြည့်စုံနိုင်ဘူး
ဆိုတာငါသိလို့ပါပြီ
ကောင်မလေး.........

သံယောဇဉ်ဆိုတာဒါလား

|0 comments
သံယောဇဉ်နဲ့
ရထားတစ်စင်း
ခုတ်မောင်းနေပေမဲ့
တာရှည်ခိုင်မြဲဖို့
အာမခံချက်ဆိုတာမရှိ
ဂုဏ်ပကာသနတွေ
ခုတ်မောင်းလာတဲ့
ရထားတစ်စင်းဆိုရင်
မင်းအသိုင်းအ၀ိုင်းက
အမြဲတမ်း wellcome မှာပါ
ငါ့ဘ၀ငါပိုင်ဆိုင်တာက
ငါ့ရင်ထဲကမေတ္တာတရား
နင့်ကတော့ငါအပေါ်မှာ
ရော့ရဲရဲခြည်းထားတဲ့
သံယောဇဉ်ကြိုးတစ်စနေမှာပါ
ငါကြိုးစားလဲ ဆိုးရွားတဲ့အဖြေက
ငါ့အတွက်လို့
ယူဆပြီးသားပါ.............


Friday, January 13, 2012

စရိုက်

|0 comments

အပြုအမူကို သတိထား
ဆင်ခြင်တဲ့အခါ
အလေးအကျင့်ကောင်းရလာမယ် ၊
အလေကျင့်ကောင်းကိုသတိထား
ဆင်ခြင်တဲ့အခါ
စရိုက်ကောင်းကိုရလာမယ်
စရိုက်ကောင်းရလာရင်
ဘ၀မျှော်ချက်ဆိုတာကလည်း ရလာတာပါပဲ.......
လူတိုင်းမှာရည်မှန်ချက်ရှိတယ်
ဘ၀အာမခံချက်ဆိုတာရအောင်
ကြိုးစားရတယ် သူငယ်ချင်းတို့ရေ
ဘ၀အာမခံချက်ရှိဖို့တော့လိုတယ်နော်
ကြိုးစားကြရအောင်.......နော်.......

နှလုံးသားဒဏ်ရာ

|0 comments

ရေးထိုးမှတ်တမ်းတင်ထားပါရစေ

ဆေးထိုးအရောင်ပြောင်း ကဗျာတစ်ပုဒ်အတွက်

ပေးဆပ်ထမ်းပိုးထားရတဲ့နာကျင်စရာတွေဟာ

ရင်ထဲမှာတန်းစီချထားရင်

ကျွန်တော်မျိုးရဲ့အသည်းဟာဖန်ကွဲရှဒဏ်ရာကို

ဆတ်ဆတ်ခါနာကျင်ရပါပြီ........

အခုတော့ကောင်မလေးရယ်

အဲသလောက်စိမ်းရသလား

ဂီယာပြောင်းမောင်းထွက်ကြဖို့

စမ်းပြလိုက်တဲ့အချက်ပြမီးစိမ်းလို

အသည်းစိမ်းစားဖို့

နတ်ဝင်သည်ရဲ့နတ်စိမ်းလို

နှလုံးသားတွေပွင့်ထွက်ဖို့

ပြင်းအားကောင်းတဲ့ ယမ်းစိမ်းလို

တကယ်တော့

မင်းအတွက်ငါဟာ........

သူစမ်တော့ သူစိမ်းပေမရ့်

အမြဲတမ်း စိမ်းဖို့ကြိုးစားနေတယ် သူပါ

စာပိုဒ်

|0 comments
စိတ်နေစိတ်ထား.....ဆိုတာ ကိုယ့်ရဲ့အကောင်းဆုံး မိတ်ဆွေဖြစ်သွားနိုင်သလို ၊ အဆိုးဆုံးရန်သူလည်းဖြစ်သွားနိုင်တယ်။
စိတ်နေစိတ်ထား.....ဆိုတာ အတွေ့အကြုံတွေပေါ် မူတည်ပြီးဖြစ်ပေါ်လာတဲ့ အပေါ်ယံမျက်နှာတစ်ခုပါ။
စိတ်နေစိတ်ထား.....ဆိုတာ လူတွေကိုဆွဲဆောင်နိုင်စွမ်းရှိသလို ထွက်ပြေးအောင်လည်း လုပ်နိုင်တယ်။
လူအဖွဲ့အစည်းမှာ မှန်ကန်တဲ့စိတ်သဘောထားရှိရုံနဲ့ အောင်မြင်မှုရဖို့ မသေချာပေမဲ့ စိတ်ထားမမှန်ကန်ရင်တော့
ကျရှုံးဖို့ ရာနှုန်းပြည့်သေချာပါတယ် ။  ဘာပဲလုပ်လုပ်အောင်မြင်ဖို့အတွက် ကံ၊ဥာဏ်၊၀ိရိယ လည်းလိုအပ်ပါတယ်တဲ့။
ကြိုက်နှစ်သက်မိတဲ့စာစုလေးပါ။

အလင်းကမ္ဘာမှ မမသစ္စာရေးသားခဲ့သော စာပိုဒ်လေး

Wednesday, January 11, 2012

သူငယ်ချင်းများသို့

|0 comments

လှပခြင်းနေ့ရက်တွေ
ကူသန်သွားလာခဲ့ပေမဲ့
အချိန်တိုင်းမှာသတိရနေခဲ့တာ
...........။
ဘ၀တတစ်ကွေ့မှာ
ခဏတာတွေ့တဲ့သူတွေအချင်းချင်း
ရင်းနှီးစွာဆက်ဆံနေတိုင်းခြင်းကလည်း
ခဏတာခွဲခွါ သွားရတဲ့အခါ
ဝမ်းနည်းနေမိခဲ့တာ တို့တတွေပါ.....။
တချိန်က ကျောင်းဘေးက
လက်ဖက်ရည်ဆိုင်မှာ
အတူသောက်ခဲ့တဲ့ တိုင်ကီ တစ်ခွက်
ညီမျှခြင်းသင်္ကေတတစ်ခု
ခေါင်ပေါ်ရွက်လို့ ပေါင်းဖော်နေခဲ့ကြာတာ
ဆောင်းကျော်မှ ပြန်မလာတဲ့သတင်း
အချင်းချင်းပြောပြခဲ့လို့
ဒေါသတော့မထွက်ခဲ့ပါဘူး
အခါနှောင်းမှသိခွင့်ရတဲ့အတွက်
ဝမ်းနည်းမိတယ်.................။
တစ်တန်ထဲနေတစ်စိတ်ထဲထား
သူအလုပ်ကို ကိုယ်အလုပ်လို့သဘောထား
ပညပ်ချက်ဆိုတာတို့တတွေကြားမှာမရှိ
ဒါဟာ
သတိရှိတဲ့သူငယ်ချင်းလေးတွေရဲ့
အမှတ်တမဲ့မဟုတ်တဲ့
လက်တွေ့ထဲကတို့တတွေ
အနာဂါတ်မှာရှင်သန်ကြဖို့
ကြိုးစားကြရအောင်
လက်ရှိဘ၀အတွက်...................။

Tuesday, January 10, 2012

|0 comments
အလွမ်းတွေကိုစာစီကုံး
ငါသီကုံးခဲ့တဲ့ ကဗျာတွေ
ရာသီတော့ မဆုံးသေး
အော်............
အလွမ်းတွေနဲ့စိတ်လော
အိပ်မောမကျသေးတဲ့
ငါရင်ခွင် မင်းခိုဝင်မှာ
ဘယ်အချိန်လဲ ချစ်သူ
အခုထိ...........
မျှော်လင့်ကာလွမ်း
ကြိုလင့်လာမဲ့တစ်နေ့
မျှော်မှန်ကာလွမ်းနေရတာ
ဒီကောင်ပါ...........
ကမ်းတစ်ဖက်လှန်းတတ်လို့
ကူခတ်နေတဲ့လက်တွေ
ရေဆန်မှာလေထန်ပါလဲ
လွမ်းစိတ်တွေပြေပါစေကြောင်း
ချစ်စိတ်နဲ့ကူးခတ်လို့ပေါ့
တစ်နေ့တော့.....
ဆူးတွေကာရံထားတဲ့
ဆူးအထပ်ထပ်ကြားကပန်း
ခူးမတတ်လို့လွမ်းရပြီ
ချစ်ခဲ့ရသူရေ.....
ယခုဘ၀အတူနေဖို့
လှမ်းခဲ့ပါတော့
လွမ်းလှပြီ

ကောသလမင်းအိပ်မက်(၁၆)ချက်

|0 comments
(၁)နွားနက်လေးခုဝှေ့မှုဟန်ပြင်

    မဝှေ့ကြဘဲ ရှေင်လွဲသည်မြင်

    အရှေ့အနောက် တောင်မြောက်မိုးဆင်

    ခြိမ်းသံပေး မိုးဝေးလွင့်ပျောက်စင် ...........။

(၂)မြေကမကြွ ငယ်လှသစ်ပင်

    ဖူးစုံရင့်ပြီး ပွင့်သီးတွေတင်

    အရွယ်မမျှ ပျိုမမယ်ခင်

    သ္မီးသား လင်သာအိမ်ထောင်ချင် ...............။

(၃)ယနေ့ဖွားစ နွားမနို့သာ

    မိခင်နွားကြီး စို့ပြီးနေရှာ

    သ္မီးနှင့်သား စီးပွားပိုင်ရာ

    မိနှင့်ဘ ကျွေးမှစားရမှာ ....................။

(၄)နွားကြီးမကြိုက် ၀မ်းတိုက်နွားငယ်

    မရုန်းနိုင်ဘဲ ၀ပ်လဲနေတယ်

    ကြီးသူဖယ်ရှား မြှောက်စားလူငယ်

    တိုင်းပြည်ရေး ရှုပ်ထွေးပွေတော့မယ်...............။

(၅)ခံတွင်နှခွ မြင်းလှရာဇာ

    ကျွေးကျွေးသမျှ မ၀နိုင်ပါ

   မှုးမက်မင်းဆိုး လာဘ်ထိုးသူရှာ

   နှစ်ဖက်စားတရားစီရင်မှာ.............။

(၆)ခွေးအိုထံဆက် ရွှေခွက်

     ကျင်ငယ်အမြဲ ခွက်ထဲစွန့်

     မျိုးမြက်သ္မီး ပစ္စည်းမက်ဟန်

     အမျိုးယုတ် လင်လုပ်ပေါင်းဖက်ဆဲ...............။

(၇)ရှေ့ကကျစ်ကြ လွန်းစကြိုးကို

    ခွေးမခိုးစား ကိုက်ဝါးကာမျို

    လင်ကြီးပစ္စည်း  သိမ်ဆည်းမသို

    လင်မြောင်အား လောင်ကွက်ပို.................။

(၈)အိုငယ်ချည်းနှီး အိုးကြီးရေလျှံ

    အိုးကြီးကိုပဲ ရေးဆွဲလောင်းပြန်

   ဆင်ရဲသူများ  ၀တ်စားမကျန်

   အခွန်တွက်  နှပ်စက်ငွေတောင်းခံ...................။

(၉)ကြာမျိုးငါးဝ ပွင့်ကြရေကန်

    ရေလယ်နောက်လျှက် ကမ်းဘက်ကြည့်ပြန်

    မြို့တွင်းပွေရှုပ် ခွန်ထုပ်ကောက်ခံ

    မြို့ပြင်ထွက်  ပြည့်နှက်စည်ကားရန်............။

(၁၀)တစ်အိုးတည်းချက်  အကျမညီ

       ထမင်းမာဆက် ပျော့ နပ်သုံးလီ

       မင်းကျင့်လူများ တရားမမှီ 

       မိုးသုံးစား ကွက်ကြားရွာချမည်..................။

(၁၁)မွှေးပျံနံ့ကြူ စန္ဒကူးသိန်တန်

       ပုရစ်နှင့်လဲ သုံးစွဲကာပြန်

       အဇ္ဇီများ တရားဖိုးတန်

       ငွေနှင့်လဲ အမြဲဟောမည်မှန်..................။

(၁၂)သံကြေးမပေါင်း ဘူးပေါင်းဘူးအုံး

      ရေတွင်းစုပ်စုပ် နှစ်မြုပ်လုံးဆုံ

       ပညာရှိများ စကားဥဿုံ

       ပြောသမျှ လောကမသုံးကုန်....................။

(၁၃)အိမ်လုံးတောင် ကျောက်ထုံးကျောက်ပျာ

      ရေမှာဘွားဘွား ထင်ရှားပေါ်လာ

     ရဟန်ရှင်ဆိုး လူးဆိုးများသာ

     ဂုဏ်ရောင်ဘိုး တန်ခိုးပေါ်ထွက်မှာ................။

(၁၄)အဆိပ်ပြင်းတောက် မြွေဟောက်ကြီးကို

       ဖားငယ်မက ကိုက်ဝါးကာမျို

       ကညာယူထား သက်ကြားဘိုးအို

       မယားဆဲ အမြဲအော်ငေါက်ဆို.......................။

(၁၅)အဆင်းမည်းနက်   ကျီငှက် ထံမှာ

     ရွှေဟင်သာများ ခစားနေပါ

     ပညာသီလ ပြည့်ဝသူဟာ

     သူယုတ်အား ၀ပ်တွားနေရမှာ............။

(၁၆)ဆိတ်ကိုမြင်ငြား ကြောက်အားပြင်းထန်

      ခြင်္သေ့သစ်ကျား ခန်လွှားပြေးပြန်

      သူယုတ်မာများ ထောင်လွှားနိုင်ငံ

      သူတော်ကောင်းများ ပုန်အောင်တောမြိုင်ယံ...................................။

                                                         ကောသလမင်းအိပ်မက်(၁၆)ချက်ပြီးပြီး

Monday, January 9, 2012

***မွေးမေမေသို့တမ်းခြင်း***

|0 comments


ဘ၀ရဲ့အခက်ခဲ့မှန်သမျှ
လက်တွဲလို့နှုတ်ဆက်ခဲ့သူ
အပြုံးပန်းတွေမညိုနွမ်းတဲ့
သူရဲ့မျက်နှာ..........
ယုယခြင်းနဲ့ မေတ္တာတရားကို
ဖော်ကြူးခဲ့သူတစ်ယောက်
ဘယ်သူမှသူရဲ့မေတ္တာတရားကို
အလေးမထား ဥပေက္ခာပြုခဲ့သူတွေတစ်ချို့
ကြည်လင်သည့်မျက်နှထားနဲ့
ခပ်ပါးပါးနေခဲံ့ပေါ့
သံယောဇဉ်တွေမှန်သမျှ
သူကသာပေးခဲ့ပေမရ့်
သူအလှည့်ကြ ပြန်မရခဲ့တဲ့သူ
ဘယ်ဘ၀က၀ဋ်ကြွေးတွေလဲ
သာယာမှု့နဲ့တည်ဆောက်ထားတဲ့
ဒီဂေဟာလေး....
အခုတော့
ဒီလောကမှာ သူမရှိတော့ပါဘူး
အယူသီးတဲ့ ကျွန်တော်ကတော့
သတိရနေဆဲပါ...........
ခိုဝင်စရာ နေရာ မရှိတော့တဲ့ သားဘ၀ မေမေ
မေမေလို့ ခေါ်ချင်ပေမရ့်
သူများခေါ်တာကိုငေးကြည့်နေရတဲ့သားအဖြစ်
လွမ်းဆွေးခြင်းတွေနဲ့ ကျေနပ်နေရတဲ့သူပါမေမေ..........
မေမေချစ်သော သားလေး မေမေသို့တမ်းခြင်း

နှလုံးသားမှတဆင်အရာအားလုံးဖြစ်သူ

|0 comments
အရာအားလုံးထက်သိမ်မွေ့
လွမ်းစေဖို့မဟုတ်
ပျော်ဝင်ကာကွေ့စီး
အေးချမ်းတဲ့စမ်းရေကြည်မို့
ပျောညံ့တယ်မထင်ပါနဲ့
ကြီးမားတဲ့ကြောက်ဆောင်ထုကို
ကျေမွအောင်ဖန်တီနိုင်သောသူ
မဟာပထ၀ီကို
ဧရာဝတီဟုပေါ်လွင်စေခဲ့ပြီ
မျက်ရည်ချောင်းဖောက်ခဲ့တာလဲ....သူ
သူသည်သိမ်မွေ့နူးညံ့၏
but သားအတွက်ဆိုရင်
အပြောယ်တဲ့လောကအလယ်မှာ
သောကကြွယ်ကြွယ်ရှောက်လှမ်းရွေ့
မောတယ်လို့ဆိုမှာမဟုတ်
မဟာပထ၀ီကိုစည်ထု လောကကိုအံတု
သိဒ္ဒတ္ထကိုဘုရားဖြစ်ခဲ့တဲ့သူ
အန္တရယ်ကိုခ၀ါချ
ပကာသနဆိုတာတွေကို လက်ပြနှုတ်ဆက်
ခေတ်အဆက်ဆက်က
မဟာဘုရင်သခင်ယောက်ျား
ဆိုသူတွေကိုမွေးဖွားပြီး
တစ်ဘက်ကရန်သူုတွေကို
မျက်ရည်ကျစေသောသူ
ရောဂါဗလပွနဲ့
သေမင်းခတဲ့လူစုကို
မေတ္တာဆေးကုခြင်းတွေနဲ့အတူ
မျက်ရည်သိပ်စေခဲ့တဲ့သူ
သိမ်မွေ့သောနှလုံးသားမှ
ရဲရင်သောသွေးနီဥများ
ဖြတ်သန်ခဲံ့တဲ့အခါ
အဓိပ္ပာယ်များစွာပေါ်ထွက်
ကဗျာစပ်စေခဲ့တာလဲ.......သူ
လောကရဲ့ကံကြမ္မာ အန္တရယ်ကြားက
စွန့်စားခဲ့သော မေတ္တာဖြင့်
ကြင်နာခြင်းရင်ခွင်ကြားမှာ
နွေးထွေးသောမေတ္တာတွေနဲ့
ထွေးပိုက်ခဲ့သော ချစ်မေမေအား
သားလွမ်းဆွတ်ခြင်းသံယောဇဉ်ဖြင့်
မေမေများအားရည်းမှန်လျှက်
မေမေများနေ့ အမှတ်တရ

*** တာဝန် ***

|0 comments

ငါတို့တွေ...
ဒီလူ့ဘ၀ကိုဘာအကြာင်းတွေကြောင့်
ရလာခဲ့တာလဲ ?
တချို့လူတွေကပြောကြတယ်
လူဖြစ်လာရခြင်းအကြောင်းကို
မသိပေမဲ့
လူ့ဘ၀ကိုအဓိပ္ပါယ်ရှိရှိဖြတ်သန်းရမယ်တဲ့
ငါ့အမြင်ပြောရရင်
အဲဒီစကားကိုနည်းနည်းတော့ပြင်ချင်တယ်
ကောင်းတာတွေလုပ်ခဲ့လို့
လူ့ဘ၀ကိုရောက်လာကြတယ်
အဲသလိုပဲ..
ကောင်းတာတွေဆက်လုပ်နေဖို့
အခွင့်အရေတစ်ရပ်ဟာ
လူ့ဘ၀၌ရပ်တည်နေခြင်းပါပဲ
သူငယ်ချင်း......။

သူ့ရဲ့အလှ

|0 comments

fair/လှပစိုပြေသော
complexion/အသားအရေ
wavy/လှိုင်းထနေသော
smile/အပြုံး
really/အမှန်တကယ်
intereating/စိတ်ဝင်စားစရာကောင်းသော
beauty/အလှအပ
lovely/လှပသာယာသော
morning/နံနက်ခင်း
dayandnight/နေ့ဂောာညပါ
hoping/မျော်လင့်လျှက်
ုkindly/ကြင်နာစွာဖြင့်
colrdial/ဖော်ရွေသော
relation/ဆက်နွယ်မှု့။

***ကြေကွဲနှလုံးသားနဲ့ဂျစ်ပစီ***

|0 comments
 
နှစ်ဟောင်ကိုစွန့် နှစ်သစ်ကိုဖွင့်လို့
ရွက်လွင့်ခဲ့တဲ့ ငါ့ဘဝ
အစကတည်းက မလှပခဲ့ဘူး
ဘ၀ဆိုတာတိုက်ပွဲ
မိုက်မဲမှု့တွေနဲ့အတူ
ကြားခဲ့ရတဲ့ဒီစကားကို
မသိရိုးမှားပြုခဲ့တယ်
ဒါပေမရ့်....
မကြာလိုက်ပါဘူး
နှစ်ရဲ့အစ တန်ခူးလမှာ
အချစ်ကိုစတွေလိုက်ရတယ်
ဒါဟာ...
ဘ၀ရဲ့အနူးညံ့ညံ့တိုက်ပွဲပဲ
ဒီလို...
အလံထောင်ပြလိုက်တာနဲ့
တက်ကုန်ဖွင့်....
လွှင့်ခဲ့တဲ့ငါ့နှလုံးသား
ဒဏ်ရာများနဲ့အဆိပ်သင့်
လှိုင်ထရင့်ရင့်တွေကြားမှာ
ချစားခံလိုက်ရတယ်.........

***လမင်းလေး***

|0 comments

ရိုးရိုးနဲ့ယဉ်
သူရုပ်သွင်က
ထွင်ရ်ျမဆန်
ပုံပန်းမပျက်
ပါးကွက်ချယ်သင်း
ပြည့်လ၀န်းလို
ကြည့်သူရင်တွင်
အေးကြည်လင်သည်
သူတွင်အလှ
စန္ဒာ တမျှ...........။

***အလင်းကမ္ဘာ***

|0 comments

ဘ၀တစ်ကွေ့မှာခဏတွေ့ရတဲ့
ဒို့ရဲ့ကမ္ဘာ အလှပတွေပေါင်းစု
ဘ၀တစ်ခုလိုဖန်ဆင်း
ပျော်ရွှင်ချင်းနေ့ရက်တွေကိုပေးဝေ
နွေးထွေးစေခဲ့တဲ့ ဒို့ကမ္ဘာ
အခုချိန်မှာတော့ လှပမှု့တွေ  ဝေဆာလို့
နေရာတစ်ခုအတွက် ကြင်နာမှု့ကမ္ဘာလေးက
စေတနာအစုလေးတွေနဲပေးဝေလျှက်ပါ
ဒို့ကမ္ဘာ ဒို့နေရာလေးမှာ လှပစွာခစားစေဖို့
ညတစ်ညလို့ထွန်းလင်း စေခဲ့
ငယ်ကပေါင်းတဲ့သူငယ်ချင်းတွေမဟုတ်ပေမဲ့
ကမ္ဘာထဲမှာ နွေးထွေးစေခဲ့သူ
လမင်းလို အလင်းရောင်တွေ ထွန်းညှိပေးခဲ့တဲ့
ဒို့ကမ္ဘာ..ဒို့သာယာဖို့ ကောင်းကျိုး ဆိုးကျိုး
အမျိုးမျိုးကို ရှာဖွေးကြည့်ရှု့သတိပြုဖို့
ဦးဆောင်မှုးက လမ်းပြလျှက်ပေါ့
ခမ်းနားတဲ့ ကမ္ဘာလေးက လှမ်းလာသမျှ
မိတ်ဆွေတွေကို  ဆန်ပြားတဲ့နေရာလေးတွေ
ပေးဝေလျှက်ပေါ့
အပူကြိုက်သူကအပူ အအေးကြိုက်သူက အအေး
ယုယလို့ပိုက် တိုက်ကြွေးခဲ့တဲ့ ဒို့ကမ္ဘာ
သာယာမှု့တွေ ဝေဆာလျှက်ပေါ့
ကမ်းလင့်လက်တွေနဲ့အတူ လမ်းဖွင့်လျှက်ပါ
သူငယ်ချင်းတို့ရေ ..........။                      
ဒို့ကမ္ဘာမှကြိုဆိုလျှက်.......

Featured Posts